သွားရမဲ့ခရီးချင်းတူတူကို ငွေသားနဲ့ဆို 400Ks
ကဒ်နဲ့ဆို 350Ks ဆိုပြီး တွေ့ဖူးကြမှာပါ။
အဲ့ဒါဘာကြောင့်လို့ထင်ပါလဲ
ငွေသားနဲ့ဆို ပြန်ပြီးရေတွက်ရမယ်
ရေတွက်ဖို့ အတွက်လူလိုမယ် မှားလွယ်မယ်
card နဲ့ကျတော့ ချက်ချင်းတန်းပြီး
စာရင်းပေါင်းပြီးသား အဲ့အတွက် 50Ks
လျှော့ပေးထားတာဖြစ်တယ်။
ဒီနှစ်ခုကိုကြည့်ရုံနဲ့ လုပ်ငန်းတစ်ခုဟာ
digital system ကိုသုံးရင် အကုန်ကျနည်းပြီး
အမြတ်ပိုထွက်တယ်ဆိုတာ သိသာပါတယ်။
တစ်ချို့ဆိုင်တွေဆို စာရွက်တွေနဲ့ ပဲသုံးနေတယ်
စာရင်းပျောက်တယ် မှားတယ်
အချိန်တွေပိုကုန်တယ် ပင်ပန်းတယ်
ဝန်ထမ်းနဲ့ လွှတ်ထားလို့မရဘူး
သူဌေးကနေရာတကာ ပါနေရတယ်ဆိုတာမျိုးဖြစ်နေတယ်။
လုပ်ငန်းစလုပ်တာပဲဖြစ်ဖြစ်
လုပ်နေတာပဲဖြစ်ဖြစ်
digital systems တွေကိုသုံးသင့်တဲ့ကာလကိုရောက်နေပါပြီ။